"ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား ရိုသေစွာ ရှိခိုးကန်တော့ပါ၏" .... လာဘ ပစ္စည်းရခြင်း၊ အလာဘ ပစ္စည်းမရခြင်း၊ ယသ အခြွေအရံများခြင်း၊ အယသ အခြွေအရံမရှိခြင်း၊ ပသံသာ ချီးမွမ်းခံရခြင်း၊ နိန္ဒာ အကဲ့ရဲ့ခံရခြင်း၊ သုခ ကိုယ်စိတ်ချမ်းသာခြင်း၊ ဒုက္ခ ကိုယ်စိတ်ဆင်းရဲခြင်း ဤလောကဓံ (၈) ပါးကို အမြဲ နှလုံးသွင်းပါ။ ...

Monday, March 18, 2013

Great Elephant Hill (စန့်လုံတောင်)


Great Elephant Hill စန့်လုံတောင်

Great Elephant Hill စန့်လုံတောင်သည် မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ဗန်းမောက်မြို့နယ် တွင် တည်ရှိပါသည်။ ရှမ်းအခေါ် လွိုင်စန့်လုံ/ ဒွဲစန့်လုံ ဖြစ်ပြီး မြန်မာလို ဆင်တောင်ကြီး (ဆင်နှင့်တူသောတောင်ကြီး) ဟု အဓိပ္ပာယ်ရပါသည်။ လွန်ခဲ့သော နှစ်ပေါင်း ၄၀ ကျော်ခန့်က ဦးခေါင်းဟု ယူဆနိုင်သော တစ်ဖက်ခြမ်းပြိုကျ သွားသည့် အတွက် ဆင်ကြီး နှင့် ချွတ်စွတ် တူခြင်း မရှိတော့ပါ။ တောမြိုင်အလယ်တွင် ထီးထီးမားမား ရပ်တည်နေပြီး ရင်သပ်ရှူမောဖွယ် အသွင်ဖြင့် ညှို့ဓာတ်ရှိသော တောင်ဖြစ်သည်။ ဗန်းမောက်မြို့ အနောက်မြောက်ဖက် ၁၂ မိုင်ခန့် အကွာတွင် ရှိသည်။

No comments: