"ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား ရိုသေစွာ ရှိခိုးကန်တော့ပါ၏" .... လာဘ ပစ္စည်းရခြင်း၊ အလာဘ ပစ္စည်းမရခြင်း၊ ယသ အခြွေအရံများခြင်း၊ အယသ အခြွေအရံမရှိခြင်း၊ ပသံသာ ချီးမွမ်းခံရခြင်း၊ နိန္ဒာ အကဲ့ရဲ့ခံရခြင်း၊ သုခ ကိုယ်စိတ်ချမ်းသာခြင်း၊ ဒုက္ခ ကိုယ်စိတ်ဆင်းရဲခြင်း ဤလောကဓံ (၈) ပါးကို အမြဲ နှလုံးသွင်းပါ။ ...

Thursday, June 19, 2014

Thursday, January 30, 2014

Car Dashboard Warning Symbols

ကားများတွင် ကားအင်ဂျင် နှင့် တကွ ကားအစိတ်အပိုင်းများ ချို့ယွင်းချက်ရှိလျှင် သတိပေးသော သတိပေးသင်္ကေတများကို ကား Dashboard တွင် တပ်ဆင်ထားကြပါသည်။ ထို သတိပေး သင်္ကတေများကို အရေးတယူလိုက်နာ၍ ကားအားပြုပြင်ထိန်းသိန်းမှု ပြုလုပ်လျှင် ကားပျက်စီးခြင်း နှင့် ကားမတော်တဆဖြစ်ခြင်းများကို အချိန်မီ ကာကွယ်ထိန်းသိမ်းနိုင်ပေမည်။ သာမန်အချန်တွင် သတိပေးစနစ် သင်္ကေတများသည် မီးလင်းမသပေးခြင်းမရှိဘဲ၊ ကားတွင် ချို့ယွင်းချက် တစ်ခုခုရှိလျှင် Dashboard ၌ သတိပေးအချက်ပြမီးများလင်းလာမည် ဖြစ်သည်။ မီးလင်းလျက် သတိပေးလာသည့် ချို့ယွင်းချက်အလိုက် ချက်ချင်းအရေးယူ ပြုပြင်ထိန်းသိမ်းသင့်ကြပေသည်။ ကားမမောင်းမီ နှင့် မောင်းနေစဉ်အတွင်း သတိပေး သင်္ကေတများ မိမိကား Dashboard တွင် လင်းနေမနေ သတိထားကြည့်သင့်ပါသည်။ သတိပေး သင်္ကေတများကို မီးလင်းအချက်ပေးလာလျှင် မည်သည့် အကြောင်းကြောင့် ဖြစ်ပြီး ပြုပြင်ရန် အရေးကြီးမကြီး သိရှိစေရန် အောက်တွင် ဗဟုသုတအဖြစ် ဖော်ပြအပ်ပါသည်။


အထက်ပါ သင်္ကေတပါ မီးလင်းလာခြင်းမှာ ကားနောက်ပိုင်း မီးလင်းနေခြင်းကို ဖော်ပြသော သတိပေးသင်္ကေတဖြစ်ပါသည်။ ကားမောင်သူမှ ထိုမီးအား ဖွင့်ထားခြင်းကြောင့် လင်းလာခြင်းဖြစ်ပါသည်။ မလိုအပ်ဘဲ ဖွင့်ထားမိလျှင် ပိတ်ရန် လိုအပ်သည်။

အထက်ပါ သင်္ကေတသည် ကားမောင်းနေချိန်၌ ထိုင်ခုံခါးပတ် ပတ်ထားမှု မရှိလျှင် သတိပေးသည့် သင်္ကေတဖြစ်ပါသည်။ ထိုင်ခုံခါးပတ်ကို ပတ်လိုက်လျှင် မီးမှိတ်သွားမည် ဖြစ်သည်။

အထက်ပါသင်္ကေတမီးလင်းလာခြင်းသည် ဘရိတ်ဆီနည်းနေခြင်း၊ ဘရိတ်ဆီယိုနေခြင်း၊ ဘရိတ်လိုင်နင် စားသွားသဖြင့် လဲလှယ်ရန်လိုအပ်ခြင်း၊ ပါတ်ကင်ဘရိတ်မိနေခြင်း စသည်တို့အထဲမှာ တစ်ခုခု ဖြစ်နေကြောင်း သတိပေးနေခြင်းဖြစ်ပါသည်။ ပါတ်ကင်ဘရိတ်ကို ဖြုတ်ကြည့်ပါ မီးမှိတ်သွားလျှင် အခြားချို့ယွင်းချက်မရှိပါ။ သတိပေးမီးဆက်လက် ပြနေလျှင် ကျွမ်းကျင်သူကို ခေါ်ယူ၍ စစ်ဆေးပြုပြင်ရန် လိုအပ်ပါသည်။ သို့မဟုတ်ပါက ကားမောင်နေစဉ် အရှိန်သတ်နိုင်ခြင်း၊ ဘရိတ်ဖမ်းနိုင်ခြင်း မရှိဘဲ မတော်တဆမှု ဖြစ်ရန် အလားအလာ ရှိနေပါသည်။

အထက်ပါ သင်္ကေတမီးလင်းလာခြင်းမှာ ကားအင်ဂျင် အပူလွန်နေခြင်းကို ပြသနေခြင်းဖြစ်ပါသည်။ ကားကို ချက်ချင်းရပ်ရန် လိုအပ်ပြီး အင်ဂျင်အေးသွားစေရန် ကားအတွင်းပိုင်း အပူပေးစနစ်ကို ဖွင့်ခြင်း သို့မဟုတ် ကားအင်ဂျင်အေးသွားစေရန် လုံလောက်သော အချိန်ထိ စက်သတ်အနားပေးထားခြင်း သို့မဟုတ် ကျွမ်းကျင်သူကို ခေါ်ယူစစ်ဆေးပြုပြင်ချင်းကို ချက်ချင်းလုပ်ရန် လိုအပ်ပါသည်။ ထိုသို့မဟုတ်လျှင် ကားအင်ဂျင်ပျက်စီးခြင်း၊ ကားမီးလောင်ခြင်း စသည်တို့ ဖြစ်ပွားနိုင်ပါသည်။

အထက်ဖော်ပြပါ သင်္ကေတ မီးလင်းနေခြင်းမှာ အသက်ကယ်လေအိတ်ကို ပိတ်ထားမိခြင်းကြောင့်ဖြစ်ပါသည်။ ကားမတော်တဆမှုဖြစ်လျှင် ကာကွယ်နိုင်မှု ရှိစေရန် အသက်ကယ်လေအိတ်စနစ်ကို ဖွင့်ထားလိုက်လျှင် သတိပေးမီး မှိတ်သွားမည် ဖြစ်သည်။

အထက်ပါသင်္ကေတမီးလင်းလာခြင်းမှာ ကားဘက်ထရီစနစ် ချို့ယွင်းနေခြင်းကို ဖော်ပြပါသည်။ ထိုအချက်ကို ဂရုမစိုက်ဘဲ မောင်းနင်လျှင် လမ်းတွင် ရုတ်တရက်ကားထိုးရပ်ခြင်း စသည့် အခက်များဖြစ်ပေါ်နိုင်ပါသည်။ ကားကြပ်ရာ လမ်းမပေါ်တွင် ရပ်သွားခြင်းမျိုး ဖြစ်ပွားနိုင်သည်။ ထို့ကြောင့် ထို သတိပေးမီးလင်းလာလျှင် ကျွမ်းကျင်သူကို ခေါ်ယူပြီး ချက်ချင်းစစ်ဆေးပြုပြင်သင့်သည်။


အထက်ပါ သတိပေးမီးလင်းလာခြင်းမှာ ကားမောင်သူက ကားစက်နှိုးပြီးစအချိန်တွင် ကားတံခါးများ အံကျအောင် ပိတ်ရန် လိုအပ်နေကြောင်း သတိပေးခြင်းဖြစ်ပါသည်။ ကားတံခါးများကို သေချာစစ်ဆေးပြီး အံကျအောင် ပိတ်လိုက်လျှင် အထက်ပါသတိပေးမီး မှိတ်သွားမည် ဖြစ်သည်။

အထက်ပါ သတိပေးသင်္ကေတသည် အခြားယာဉ်မောင်းသူများအား မိမိကားကြောင့် အန္တရာယ်မဖြစ်စေရန်
ကားမောင်သူက သတိပေးအချက်ပြစနစ်ဖွင့်ထားခြင်းကို ဖော်ပြသည်။ ကားမောင်သူ ပိတ်လိုက်လျှင် သတိပေး သင်္ကေတမှိတ်သွားမည် ဖြစ်သည်။

အထက်ပါသင်္ကေတ မီးလင်းလာခြင်းမှာ ချောဆီ (အင်ဂျင်ဝိုင်) ဖိအား လျော့နည်းနေခြင်း၊ သတ်မှတ်ထားသော အတိုင်းအတာပမာဏအထိ မရှိခြင်းတို့ကို ဖော်ပြနေသည်။ ကားအားချက်ချင်းရပ်ကာ စစ်ဆေးပြီး ချောဆီလျော့နည်းနေလျှင် ချောဆီ ဖြည့်ခြင်း ချက်ချင်းလုပ်ရန်လိုသည်။ ချောဆီသည် သတ်မှတ်ထားသော ပမာဏအထိ ရှိသော်လည်း သတိပေးမီးဆက်လက် လင်းနေလျှင် ချောဆီစနစ်ချို့ယွင်းနေပြီ ဖြစ်သည့်အတွက် ကျွမ်းကျင်သူကို ခေါ်ကာ ချက်ချင်းပြုပြင်သင့်သည်။ သို့မဟုတ်ပါက ကားအင်ဂျင်တွင် ကြီးမားသော ပျက်စီးမှု ဖြစ်နိုင်သည်။

 အထက်ပါ သတိပေးသင်္ကေတမီးလင်းလာခြင်းမှာ ABS (Anti-Lock Brakes) စနစ်ချို့ယွင်းနေသည်ဟု သတိပေးခြင်းဖြစ်ပါသည်။ ဘရိတ်ဖမ်းခြင်းကို လုပ်နိုင်သော်လည်း ရုတ်တရက် ဘရိတ်အုပ်ခြင်းများတွင် ထိန်းသိမ်းမောင်းနင်ရန် အခက်အခဲ ဖြစ်စေနိုင်သည်။ ထို့ကြောင့် အထက်ပါ သင်္ကေတမီးလင်းလာလျှင် အချိန်ရပါက ကျွမ်းကျင်သူနှင့် စစ်ဆေးပြုပြင်သင့်သည်။



အထက်ပါ သတိပေးသင်္ကေတမီးလင်းလာခြင်းမှာ အင်ဂျင်ထိန်းချုပ်မှုစနစ်ချို့ယွင်းလာခြင်းကို ဖော်ပြသည်။ ညစ်ညမ်းဓာတ်ငွေ့များ ထုတ်လွှတ်လာခြင်း၊ ကားမဆွဲတော့ခြင်းစသည့်ပြစ်ချက်များ ဖြစ်လာမည်။ ကျွမ်းကျင်သူနှင့် စစ်ဆေးပြီး ပြုပြင်သင့်သည်။



 အထက်ပါသင်္ကေတ မီလင်းလာခြင်းမှာ သတိပေးစနစ်တွင် ချို့ယွင်းချက် တစ်ခုခု ဖြစ်နေကြောင်းကို ပြသသည်။ အခြားအရေးကြီး သတိပေးမှုများကို မြင်နိုင်စေရန်အတွက် ကျွမ်းကျင်သူဖြင့် စစ်ဆေးပြုပြင်သင့်သည်။


 ကားဘီးလေလျော့/များ နေလျှင် အထက်ပါသင်္ကေတမီးလင်းလာမည် ဖြစ်သည်။ ကားဘီးကို စစ်ဆေးပြီး လေပေါင်ချိန်ပြီး ဖြည့်ခြင်း လျော့ခြင်း လိုသလို ပြုလုပ်ဖို့ လိုသည်။ ထိုသို့ မပြုလုပ်ပါက တာယာပျက်စီးခြင်း၊ ပေါက်ကွဲထွက်ခြင်းများ ဖြစ်နိုင်သည်။


အထက်ပါ သင်္ကေတမီးလင်းလာပါက ကား၌တပ်ဆင်ထားသော မီးလုံးများတွင် ပြစ်ချက် တစုံတရာ ရှိနေကြောင်း ဖော်ပြနေသည်။ စစ်ဆေးပြီး ပြုပြင်သင့်သည့် သို့မဟုတ်ပါက ကွေ့ရန်အချက်ပြမီး မလင်းခြင်း၊ ညအခါမီးမလင်းခြင်း စသည့် အခက်အခဲများကြောင့် အန္တရာယ်ဖြင့် ကြုံတွေ့နိုင်သည်။

အထက်ပါ သင်္ကေတ သည် ကားမောင်းသူမှ ကားနောက်ပိုင်းရှိ မှန်အား ရေငွေ့ကပ်ကာ အမြင်မှုန်ဝါးခြင်းမှ ကာကွယ်ရန်အတွက် Rear Window Defrost ခလုတ်ကို နှိပ်လျှင် လင်းလာမည်ဖြစ်သည်။ နောက်မှန် ရေမှုန်များကင်းပြီး ကြည်လင်ပြတ်သားလာပါက မလိုအပ်ဘဲ ကားဘက်ထရီအစားသက်သာစေရန် ပြန်ပိတ်သင့်သည်။





ကလေးများအတွက် Child Safety Lock မချရသေးလျှင် သတိပေးသည့် သင်္ကေတဖြစ်သည်။ Lock ချပြီးလျှင် ပြန်မှိတ်သွားမည် ဖြစ်သည်။ ကလေးများ လုံခြုံဘေးကင်းစွာ စီးနင်းလိုက်ပါနိုင်စေရန်အတွက် ဤမီးကိုလည်း လင်နေမနေ အမြဲစစ်ဆေးသင့်ပါသည်။



အထက်ပါ သင်္ကေတ သည် ကားမောင်းသူမှ ကားရှေ့မှန်အား ရေငွေ့ကပ်ကာ အမြင်မှုန်ဝါးခြင်းမှ ကာကွယ်ရန်အတွက် ရှေ့မှန် Defrost ခလုတ်ကို နှိပ်လျှင် လင်းလာမည်ဖြစ်သည်။ ရှေ့မှန် ရေမှုန်များကင်းပြီး ကြည်လင်ပြတ်သားလာပါက မလိုအပ်ဘဲ ကားဘက်ထရီအစားသက်သာစေရန် ပြန်ပိတ်သင့်သည်။



 အထက်ပါ သင်္ကေတသည် အင်ဂျင်ထိန်းချုပ်ရေးစနစ်ချို့ယွင်းသောအခါတွင် လင်းလာမည်ဖြစ်သည်။ အင်ဂျင်ကို ချက်ချင်းရပ်ပြီး ကျွမ်းကျင်သူကို ခေါ်ကာ စစ်ဆေးပြုပြင်သင့်သည်။



အထက်ပါသင်္ကေတမီးလင်းလာပါက ကားဘီးများ ချော်နေသောအခါတွင် ပေါ်လာမည်ဖြစ်သည်။ ကားမောင်သူသည် သတိထားပြီး မောင်းနှင်ရန် လိုအပ်သည်။ လမ်းချောနေသော အနေအထားမရှိသည့် အခြေအနေတွင် ABS သတိပေးသင်္ကေတ နှင့် တွဲလျက်လင်းလာပါက Tracking Control စနစ်ချို့ယွင်းခြင်း ဖြစ်နိုင်သည့်အတွက် စစ်ဆေးပြုပြင်သင့်သည်။ 




  
အထက်ပါ သင်္ကေတသည့် ကားစက်နှိုးသည့် အချိန်တွင် ပေါ်လာပါက Electronic Throttle Control စနစ် အလုပ်မလုပ်ကြောင်းကို ဖော်ပြနေခြင်းဖြစ်သည်။ ကျွမ်းကျင်သူနှင့် စစ်ဆေးပြုပြင်ရမည်။



အထက်ပါ သင်္ကေတ သို့မဟုတ် 4WD မီးလင်းသတိပေးနေပါက ယာဉ်ရှိ ဘီးအားလုံးက ယာဉ်ကို Drive လုပ်နေသည်ကို သတိပေးခြင်းဖြစ်သည်။ လမ်းကြမ်း၊ စိုစွတ်၍ချော်နိုင်သောလမ်း၊ တောင်တက်ခရီး စသည်တို့ မဟုတ်ပါက AWD သို့မဟုတ် 4WD ကို လောင်စာအစားသက်သာစေရန် အတွက်  ဖြုတ် (Disengage ) ထားသင့်သည်။

 အထက်ပါသတိပေးမီးလင်းလာပါက လောင်စာကုန်တော့မည် ဖြစ်သည်။ လောင်စာ ချက်ချင်း ဖြည့်ရန် လိုအပ်သည်။


အထက်ပါသတိပေးမီးသည့် ဒီဇယ်အင်ဂျင်ယာဉ်များတွင် တပ်ဆင်ထားလေ့ရှိသည်။ အင်ဂျင်ကို စက်မနှိုးမီ ထိုသတိပေးမီးလင်းနေပါက အင်ဂျင်ကို စက်နှိုးနိုင်သည့် အပူချိန်ရောက်လာရန် Glow Plug Button ကို နှိပ်ပြီး အပူပေးရန် လိုအပ်သည်။ ထိုသတိပေးမီး မှိတ်သွားမှသာ အင်ဂျင်ကို နှိုးရမည်။ ထိုသို့မလုပ်ဘဲ စက်နှိုးပါက ဘက်ထရီအားကုန်ပြီး ကားစက်နှိုးမရဘဲ ဖြစ်သွားနိုင်သည်။




အထက်ပါ သင်္ကေတမှာ ယာဉ်ကိုကွေ့လိုသော အခါတွင် ယာဉ်မောင်းသူက မိမိကွေ့လိုသော ဘက်လို့ ညွှန်ပြလိုသောအခါသုံးသည်။ ကွေ့ပြီးလျှင် ပြန်ပိတ်သင့်သည်။

  
ကားရှေ့မီးထွန်းသောအခါတွင် ပေါ်လာမည် ဖြစ်သည်။ မလိုအပ်ပါက ပိတ်ထားသင့်သည်။

Wednesday, August 28, 2013

break wind

break wind (v) = အီးပေါက်သည်။
fart (v) =  အီးပေါက်သည်။


 
No Breaking Wind (အီးမပေါက်ရ) 
No Farting (အီးမပေါက်ရ) 

Monday, March 18, 2013

Great Elephant Hill (စန့်လုံတောင်)


Great Elephant Hill စန့်လုံတောင်

Great Elephant Hill စန့်လုံတောင်သည် မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ဗန်းမောက်မြို့နယ် တွင် တည်ရှိပါသည်။ ရှမ်းအခေါ် လွိုင်စန့်လုံ/ ဒွဲစန့်လုံ ဖြစ်ပြီး မြန်မာလို ဆင်တောင်ကြီး (ဆင်နှင့်တူသောတောင်ကြီး) ဟု အဓိပ္ပာယ်ရပါသည်။ လွန်ခဲ့သော နှစ်ပေါင်း ၄၀ ကျော်ခန့်က ဦးခေါင်းဟု ယူဆနိုင်သော တစ်ဖက်ခြမ်းပြိုကျ သွားသည့် အတွက် ဆင်ကြီး နှင့် ချွတ်စွတ် တူခြင်း မရှိတော့ပါ။ တောမြိုင်အလယ်တွင် ထီးထီးမားမား ရပ်တည်နေပြီး ရင်သပ်ရှူမောဖွယ် အသွင်ဖြင့် ညှို့ဓာတ်ရှိသော တောင်ဖြစ်သည်။ ဗန်းမောက်မြို့ အနောက်မြောက်ဖက် ၁၂ မိုင်ခန့် အကွာတွင် ရှိသည်။

Tuesday, October 23, 2012

Fleshy Fruit - with Seed (pips)





Fleshy fruits - with seeds (pips) : thick-fleshed, smooth-skinned fruit.
Apple (ပန်းသီး) : fruit of the apple tree.
Stalk (ရိုးတံ) : part of the fruit attached to the stem.
Endocarp or core (အူတိုင်): central part of the fruit which contains the pips.
Exocarp or skin (အူတိုင်အကာ): plant tissue covering the fruit.
Seed or pip (အစေ့) : part of the apple used to reproduce the species.
Edible part (စားနိုင်သော အပိုင်း) : part that can be eaten.
Mesocarp or pulp (အခွံ နှင့် အူတိုင်ကြားရှိ အသားပိုင်း) : part of the apple between the skin the core.
Stamen (ဖိုအင်္ဂါ) : male organ of the apple blossom that remains on the apple.
Calyx (ဖွင့်ချပ်) : set of sepals of the apple blossom that remains on the apple.


The original dictionary is http://www.infovisual.info .The great effort of infovisual team helps us to learn about the world. 


Friday, October 19, 2012

အစေ့မာ အရည်ရွမ်းသီး




Fleshy fruits - with stones (အစေ့မာ အရည်ရွမ်းသီး) : thick pulped edible fruit with a stone in its center.
Olives (သံလွင်သီး) : fruit of the olive tree, blackish when ripe and green when immature.
Cherries (ချယ်ရီသီး) :  small, smooth-skinned red or yellow fruit of the cherry tree.
Dates (စွန်ပလွံသီး) : very sweet fruit of the date palm.
Prunes (ဆီးခြောက်သီး) : dried plums.
Plum (ဆီးသီး) : fruit of the plum tree.

The original dictionary is http://www.infovisual.info.The great effort of infovisual team helps us to learn about the world.  

Monday, October 8, 2012

ခရမ်းပင် ခရမ်းသီး

 
 


eggplantbrinjal eggplantauberginemelongenebrinjal or guinea squash (n) ခရမ်းပင် / ခရမ်းသီး