"ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား ရိုသေစွာ ရှိခိုးကန်တော့ပါ၏" .... လာဘ ပစ္စည်းရခြင်း၊ အလာဘ ပစ္စည်းမရခြင်း၊ ယသ အခြွေအရံများခြင်း၊ အယသ အခြွေအရံမရှိခြင်း၊ ပသံသာ ချီးမွမ်းခံရခြင်း၊ နိန္ဒာ အကဲ့ရဲ့ခံရခြင်း၊ သုခ ကိုယ်စိတ်ချမ်းသာခြင်း၊ ဒုက္ခ ကိုယ်စိတ်ဆင်းရဲခြင်း ဤလောကဓံ (၈) ပါးကို အမြဲ နှလုံးသွင်းပါ။ ...

Thursday, March 8, 2012

sympathy နှင့် empathy

Sympathy ဆိုတာ သူ့အတွက် ခံစားမိတာ။ သူ့အဖေ သေလို့ သူဝမ်းနည်းတာကို သနားမိတာ။ သူ့လို ကိုယ်က ထပ်တူဝမ်းနည်းနေတာမျိုး မဟုတ်ဘူး။ သူ့အတွက် စိတ်မကောင်း ဖြစ်မိတဲ့ ခံစားမှု။

Empathy ဆိုတာ သူနဲ့ အတူ ထပ်တူခံစားတာ။ သူ့အဖေသေလို့ သူဝမ်းနည်းသလို ကိုယ်ကလည်း ဝမ်းနည်းတာ။ သူ့အဖေသေတာကို ကိုယ့်အဖေ သေတာလို ထပ်တူခံစားရတဲ့ ခံစားမှု။ သူနဲ့အတူ ထပ်တူစိတ်မကောင်း ဖြစ်ရတဲ့ ခံစားမှု။

ကိုယ်ချင်းစာတရား (n) sympathy 
ထပ်တူထပ်မျှခံစားခြင်း (n) empathy

No comments: