"ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား ရိုသေစွာ ရှိခိုးကန်တော့ပါ၏" .... လာဘ ပစ္စည်းရခြင်း၊ အလာဘ ပစ္စည်းမရခြင်း၊ ယသ အခြွေအရံများခြင်း၊ အယသ အခြွေအရံမရှိခြင်း၊ ပသံသာ ချီးမွမ်းခံရခြင်း၊ နိန္ဒာ အကဲ့ရဲ့ခံရခြင်း၊ သုခ ကိုယ်စိတ်ချမ်းသာခြင်း၊ ဒုက္ခ ကိုယ်စိတ်ဆင်းရဲခြင်း ဤလောကဓံ (၈) ပါးကို အမြဲ နှလုံးသွင်းပါ။ ...

Thursday, March 26, 2009

လဂ်

လဂ် (n) [astrol] position of the sun at the time a person is born.
လဂ်ရိုး (n) [astrol] basic astrology.
လဂ်အိမ် (n) [astrol] position of the sun in a person’s horoscope.

1 comment:

Anonymous said...

လဂ် (n) [astrol] position of the sun at the time a person is born.
ဆိုတာ မှားနေပါတယ်။ လဂ်ဟာ လူတစ်ယောက်မွေးဖွားစဉ်မှာ (နေထွက်ရာ) အရှေ့အရပ်ကို ဖေါ်ညွှန်းတဲ့ ဒီဂရီမိနစ်ဖြစ်ပါတယ်။
လဂ်ရိုး (n) [astrol] basic astrology.
ဆိုတာလည်း မှားနေပါတယ်။ မှားနေဆို ထိုစကားလုံးမရှိပါ။ ဖြစ်နိုင်ခြေရှိတာက မြန်မာတွင် ထွန်းကားသော ဗေဒင်ပညာနှစ်မျိုးဖြစ်သော လက်ရိုး နှင့် လက်ဆန်း မှ ယူငင်သုံးဆွဲပုံရပါသည်။ လက်ရိုးဆိုသည်ဟာ ရှေးဟောင်း အိန္ဒိယ/ဂရိကျမ်းများအတိုင်း တွက်ချက်သော ဇာတာစန်းလဂ် နက္ခတ်ပညာများဖြစ်ပါသည်။ လက်ဆန်းကတော့ မဟာဘုတ် သုံးတန်ပေါ်နိစ် စသော ရှေးကျမ်းများမှ ဖြတ်ထုတ်မှီငြမ်း ခေတ်ဆန်းကြသော အသုံးများသည့်ပညာများဖြစ်ပါသည်။
လဂ်အိမ် (n) [astrol] position of the sun in a person’s horoscope.
ဆိုတာလည်း မှားပါတယ်။ လဂ်အိမ်ဆိုတာ လဂ်ဂြိုလ်တည်သော ကောင်းကင်ရာသီစက်ဝန်းကိုခေါ်ပါသည်။ လဂ်ဂြိုလ်ဆိုသည်မှာ လဂ်ကို ဂြိုလ်အဖြစ်ယူဆထားခြင်းဖြစ်ပါသည်။

အားလုံးကိုလေးစားလျှက်
ကိုပခန်း